မင်္ဂလာပါရှင် Hosting ပေးသော MyLoveCafe ကို ကျေးဇူးတင်စွာဖြင့် ဒီစာတမ်းလေး ဖေဖော်ဝါရီတစ်လလုံးတင်ထားပါမည်။
ရေးပေးပါ #”TAG”
လေတံခွန် Tag ထားတာ ကြာလာပါပြီ။ ဒီကြားထဲမှာ ရေးဖို့ အကြိမ်ကြိမ်ကြိုးစားနေဆဲမှာ ပြီးခဲ့တဲ့ရက်တွေက ကွန်နက်ရှင်ကြောင့်ရယ်၊ ကျွန်မ မအားလို့ မရေးရသေးတဲ့ “ရေးပေးပါ” လေးပါ။ ဒီနေ့ တင် ရေးနေတုန်း ကွန်ပြူတာ error ဖြစ်ပြီး စက်ပိတ်သွားလို့ နှစ်ခါပြန်ရိုက်ရပြီး မရရအောင် ထပ်ရေးလိုက်ပါတယ်။
နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် လေတံခွန်ရေ…
၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် –
မြလေးသျှင် (Multiply ကတော့ သျှင် လို့ ခေါ်ကြပါတယ်။)
၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က –
စမတ်ကျကျဝတ်ချင်ပါတယ်။ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေကို အကြိုက်ဆုံးပါ။
၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ –
ကြေးအိုး၊နဲ့ စတော်ဘယ်ရီဖျော်ရည် (ရေးရင်း ဗိုက်ဆာတယ်ဟာ)
၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)-
စာအုပ်တွေပါ။
၅။လိုချင်တဲ့ လက်ဆောင် –
မျှော်လင့်ထားတဲ့သူဆီက နှင်းဆီတပွင့်တည်းပါ။
၆။အကြိုက်ဆုံး ဇာတ်ကား-
အဖေနဲ့ သားများ ( [...]
ကဗျာလိုက်ပွဲ
ဟင်းတွေ သိပ်ပြီးချိုတောင်မှ
အသုတ်ကျတော့ ချဉ် ငန် စပ်။
အကင်းပါးတဲ့သရက်သီးစိမ်း
ဝါးကြည့်လိုက်တော့ ဖန်တန်တန်
” ကြက်ဟင်းခါး…ဒါလည်း ထည့်စား ” လို့ အမေက ပြောတယ်။
စားပြီးရင် အီတဲ့ ၀က်နံရိုးကြော်..ဟဲဟဲ ငါသိပ်ကြိုက်တယ်
ညစ်ပတ်နေတဲ့ လက်သုတ်ပ၀ါကို လှမ်းသုတ်ရင်း
နောက်ဆုံးတော့ ငါထပ်မှာလိုက်တယ်
ဘယ်တော့မှ မရိုးနိုင်တဲ့
“အဖြူရောင် ထမင်းတစ်ပွဲ”
ဘယ်ရယ်မဟုတ်ပါဘူး..ကြောင်တောင်တောင်နဲ့ ကဗျာတစ်ပုဒ်ရေးလိုက်ပြန်ပြီ။ အားမနာတမ်း ကဗျာဝိုင်းထဲဝင်စားကြည့်ပြီး လျှောက်ရေးထားတဲ့ တောင်ရောက်မြောက်ရောက် ကဗျာအား ဝေဖန်ပေးကြပါကုန်။
ဒီကဗျာလေး ရေးလိုက်တာ အတွေးတစ်ခုကပါ ။
” ညစ်ချင်တာညစ်
ကိုယ်ကျင့်တရားကောင်းရင်လက်ခံပါတယ် ” ဆိုတဲ့ ဦးကြီးတိုး စကားတစ်ခွန်းကပါ။
မှတ်ချက်။      ။ ကဗျာအား ကျွန်မကိုယ်တိုင် ၀ါးပြီးတော့ မကျွေးတော့ပါ။ ကိုယ်တိုင်ဝါးကြည့်မှ အရသာပေါင်းစုံထွက်လာပါမည်။ အစားအစာအပြင် တခြားအနက်အဓိပ္ပာယ်များဖြင့် တည်ခင်းသုံးဆောင်နိုင်ပါသည်။ အိပ်သျှင်က လွှတ်သဘောကောင်း၍ ကျွေးသော်လည်း အစာမကျေ ရင်ပြည့် ရင်ကယ် ဗိုက်အောင့်လေအောင့်တွေ ဖြစ်ပေါ်လာပါက ချင့်ချိန်စားသုံးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
ပုံ
စေတနာရှိသော
မြလေးသျှင်
ရာသီစာချီ
ဟိုက္ကူတွေ မရေးတာ အတော်ကြာပေမယ့် ကျွန်မအိမ်က စာအုပ်တွေမှာတော့ သတိရတိုင်း လျှောက်ရေးကြည့်နေမိပါတယ်။   ဒီကဗျာလေးကို ဒီရက်ပိုင်းအတွင်းရေးခဲ့ပေမယ့် မကောင်းတဲ့ ကွန်နက်ရှင်ကြောင့် ပျက်ကျသွားလို့ အသစ်ထပ်ပြီး နှစ်ခါရေးလိုက်တဲ့ကဗျာလေးပါ။
အလွမ်းရာသီ
နှင်းပွင့်လေးဝေလှ
ကိုယ့်နှလုံးသားနုနုရွ
ခံစားရက်ရှည်မှ။    ။
ဒီရက်ပိုင်းရန်ကုန်မှာ မနက်ပိုင်းနဲ့ ညဘက်ရောက်ရင် ဆောင်းလေအငွေ့ အသက် အကျန်နဲ့  နည်းနည်းအေးလာပါတယ်။ ဒီကဗျာကို အရင်က ရေးဖူးတာပါ ။ဆောင်းတွင်းထဲဝင်သွားပါတယ်။ မကြာခင် အလွမ်းရာသီကို လက်ပြနှုတ်ဆက်လို့ သွားရတော့မယ်လေ…။
ဂိမာန်လေချီ
နေ့ တာရှည်သောနွေ
ကျေးငှက်လေးတွေတေးဆိုနေ
မှုန်ပန်းချီလောလေ။    ။
ဒီကဗျာထဲမှာ အရင်တုန်းက ရေးခဲ့တာ “ပုစဉ်းရင်ကွဲအော်မြည်နေ” ဆိုပြီး ရေးထားတာပါ။ ဒါပေမယ့် ပူလောင်တဲ့နွေရာသီထဲ ပုစဉ်းရင်ကွဲအော်တာကို စာသားပြန်ဖတ်ရင်းနဲ့ ကကျွန်မကိုယ်တိုင် မကြိုက်တော့လို့  ပျော်ရွှင်ကြည်နူးတဲ့အသွင်ဖြစ်တဲ့ “ကျေးငှက်ကလေးတွေ” တေးဆိုနေ လို့ ပြင်ခဲ့မိပါတယ်။ နွေကို ဘာလိုလိုနဲ့ ရောက်ပြန်ပါပြီ။ နွေကိုနှုတ်ခွန်းဆက်လိုက်တဲ့ကဗျာလေးပေါ့နော်…။
နေညိုချမ်း
တိမ်လွှာတွေပျောက်ကာ
ဖန်ဝါနေ၀င်တဲ့ချိန်ခါ
သာယာတဲ့ဆည်းဆာ။  ။
ကျွန်မတော့ ဒီကဗျာထဲမှာ [...]
ဝေဒနာ နံရိုး
ဝေဒနာ နံရိုး
အရင်တုန်းက စားခဲ့တဲ့ ၀က်နံရိုး
အရသာ ငါမသိတော့ဘူး။
နံရိုးကြော်နဲ့ စွပ်ပြုတ်လုပ်သောက်ဖို့ ပြောနေကြတဲ့လူတွေကြား
နံရိုးတွေ သိပ်များနေပြီလား။
စားမယ်သောက်မယ်တကဲကဲ
သားရေတော့ကျပါတယ်
ဒါပေမယ့် ငါ့နံရိုးက မင်းဆီရောက်နေတယ်….
သူများတွေလို တယုတယနဲ့ ချွဲ
ရင်ထဲမှာ အလွမ်းငွေ့ တွေနဲ့ အာပူလျှာပူလုပ်သောက်ဖို့ 
ဘယ်တော့မှ စိတ်မကူးခဲ့တဲ့ငါ
မင်းရဲ့ ပုံရိပ်တွေကြားထဲမှာ လွင့်မျောနေတက်နေပြီကွာ…
ကဲ…ဘယ်လိုလုပ်မလဲ
ငါအခွင့်မရှိပဲ မတောင်းချင်ပါဘူး
မင်းယူသွားတာ ငါ့နံရိုးမှန်ရင်တော့ ပြန်ပေးပါလားကွာ…
ငါ့ရင်ဘက်ထဲကဝေဒနာတွေ ပြန်ဆက်မလို့ ။
မြလေးသျှင်
[ မရေးတက် ရေးတက် စိတ်ထဲရှိတာလျှောက်ရေးတဲ့ ကျွန်မရဲ့ "မင်းအတွက်ငါ" ကဗျာကို နံရိုးကြော်တွေ စွတ်ပြုတ်လုပ်သောက်မယ်ဆိုပြီး ပြောပါများလွန်းလို့ နောက်ထပ် ကဗျာတစ်ပုဒ်ထပ်ရေးလိုက်တာ..ကြာရင် ၀က်နံရိုးကဗျာဖြစ်တော့မှာပဲ။..သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါပဲနော်...]
မင်းအတွက်ငါ
မင်းနာမည်
ငါ့အတွေးဆီရင်ထဲမှာ တဆစ်ဆစ်ကိုက်ခဲနေသလားလို့ ငါ့နံရိုးတွေရော ဘယ်နှစ်ချောင်းပျောက်လိုက်ရှာကြည့်တဲ့အခါမှာ………မင်းသိမ်းယူသွားသကိုး။       ။မြလေး
(ချစ်သူများနေ့ အတွက် )
ကိုယ့်ကြောင့်ပျော်ပါစေ သီချင်း
ချစ်သူများနေ့ အတွက် သံစဉ်ချိုချိုနဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ကျွန်မသိပ်ကြိုက်တဲ့ “ကမ္ဘာကျော်တဲ့စိတ်ကူး“သီချင်းကောင်းကောင်းလေးကို ဆိုခဲ့တဲ့ Dorame အဖွဲ့ ရဲ့ စတားအယ်လဘမ်အသစ်ထဲက သံစဉ်အရမ်းလှတဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းကိုနားထောင်ပြီးတဲ့နောက်မှာ သီချင်းစာအုပ်ကို သွားဝယ်ပေမယ့် မရှိသေးလို့ ကိုယ့်ဘာသာကိုယ်ပဲ မှတ်မိသလောက် ရေးတင်လိုက်ပါတယ်။ ဒါကြောင့် သီချင်းစာသားကိုအရမ်းကြိုက်လို့ သီချင်းကိုအကြိမ်ကြိမ်နားထောင်ရင်း စာသားရသလောက် ရေးတင်လိုက်ပါတယ်။
ရင်ခုန်သံတနွေးနွေးဆုံဖို့ ကြင်နာသူချိန်းနေမင်းထံလာဖို့ လေ မှန်ရှေ့ မှာ အလှတွေပြင်နေ (ရင်ထဲမှာလှိုက်ဖိုခုန်နေ)မေ့မှာ ကိုယ်သိပ်ကြောက်တယ်…အချစ်ဆုံးအားငယ်နေမယ်…ချစ်သူပျော်ဖို့ ကိုယ်ဆုတောင်းရင်းလေ……..
* ငါရှာတဲ့နေ့ ရက်ကလေးမှာကွယ် အရာရာဟာ အေးချမ်းလှပတယ် ကောင်းကင်ပြာ တိမ်တွေအလယ် …. ငှက်ကလေးဝဲကာရယ် အလွန်ကြည်နူးစရာ ဒီအချိန်ဝယ်…
****ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ် သီချင်းလေးများငြီးရင်းလေ သံစဉ်လေးတွေလေမှာလွင့်နေသိပ်ချစ်တယ် ရင်မှာ မင်းကိုလေ…
ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ် အပူအပင်တွေ မေ့ထားတယ် …ရင်မှာဆုံးဖြတ်ထားတယ် [...]
မြန်မာပြည်ရောက် ဂျပန်စစ်သည်တစ်ယောက်ရဲ့ဟိုက္ကူများ
” 575 တိုင်း ဟိုက္ကူလား”ဆိုတဲ့ စိတ်ဝင်စားဖွယ်အခန်းတွေလည်းပါသလို  ဒီစာအုပ်ထဲမှာ ထူးခြားတဲ့ ခေါင်းစဉ်တစ်ခုလည်းပါတာကို သတိထားမိပါတယ်။
” မြန်မာပြည်ဖွား ဟိုက္ကုများ” ဆိုပြီး ဆရာရဲမြလွင်က ဆိုထားလို့ ပါ။ ဇာတ်လမ်းလေးက ဒီလိုရေးထားပါတယ်-
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်စစ်သားတွေအများကြီး မြန်မာ့မြေပြင်သို့ ရောက်လာပြီး အင်္ဂလိပ်နှင့် စစ်တိုက်ကြသည်။ [...]
အတွေးစာအုပ်တစ်အုပ်
ဒီစာအုပ်မှာ အတွေးအမြင်အယူအဆတွေကို ကွဲလွဲတာတွေ၊ သုံးသပ်ချက်တွေပါသလို တရုတ်ဇာတ်လမ်းတွဲ မျောက်မင်းစွန်းဝူခွန်း ၀တ္တုဇာတ်လမ်းထဲက ဇာတ်ကောင်တွေအမျိုးမျိုးဟာ ဘယ်လိုမျိုးကိုယ်စားပြုပြီး ဇာတ်လမ်းထဲမှာ ဖော်မပြထားတဲ့ အတွေးအမြင်ကို ဖွင့်ဟသုံးသပ်ထားတာတွေ့ ရလို့ စိတ်အစာကျွေးချင်တဲ့အတွေးသမားတွေ အတော်အတွေးဘ၀င်မိနိုင်တဲ့ စာသားတွေပါ။ တချို့ စာသားတွေသည် သူပြောထားသလိုချည်း မဟုတ်ပဲ ဆက်တွေးဖို့ ပါအလုပ်ဖြစ်နိုင်တဲ့ စာများဖြစ်ပါတယ်။
ဒီစာအုပ်ကို ကျွန်မဖတ်တာ တစ်လတောင်ကျော်ပါပြီ။အခုပြန်ဖတ်ကြည့်တော့ စဉ်းစားဖို့ ကောင်းတုန်းစာ ဖြစ်နေပြန်ပါတယ်။
အဲသည်ထဲက ကြိုက်နှစ်သက်တဲ့ တွေးလို့ ကောင်းတဲ့ [...]
“PO” နှင့် ” YES or NO” အိုင်ဒီယာများ
ဒီခေါင်းစဉ်ထဲကနဲ့ ဆိုင်တဲ့ သီချင်းလေးတစ်ပုဒ်သွားသတိရမိပါတယ်။
“YES”or “NO” တစ်ခုခုဖြစ်မယ်။
NO ဆိုရင် စိတ်ညစ်ရမယ် ။ ကောင်မလေးရယ် မကျီစားနဲ့ ” မင်းမော်ကွန်းရဲ့ သီချင်းလေးစာသားအတိုင်း ပါပဲ။
” မင်းမှန်ရင် ငါမှားတယ်။
ငါမှားရင် မင်းမှန်တယ်..။
ဟိုဟာမဟုတ်ရင် ဒီဟာ။
ဒီဟာ မဟုတ်ရင် ဟိုဟာ။”
အဲ ကျွန်မပေါက်ကရ စရေးတော့မည် မဟုတ်ပါ။ ခေါင်းစဉ်က လေးလို့ တစ်လကျော်ကျော် လောက်ကတည်းက ရပ်ထားပြီးမှ မရေးသေးပဲ အခုမှပြန်လည်အစဖော်ပြီးရေးမယ် စိတ်ကူးမိပါတယ်။
သမရိုးကျကို အခြေခံတဲ့အတွေးများက ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေရာယူပြီး ဒါတွေကိုပဲ အိုင်ဒီယာအသစ်ဆိုပြီး အငြင်းအခုံပြုလျှက် ရှိနေသည်သာ။
ဒီကြားထဲ အမှန်နဲ့ အမှားကို ဘယ်ဟာနဲ့တိုင်းမလဲ တိုင်းတာဖို့ စံပြုချက်တွေနဲ့ပေါ်လာပြန်ရင်လည်း
ပြောကြတဲ့ကမ္ဘာဦးထဲက မပြီးသေးတဲ့ အမှန်နဲ့ အမှား ပုစ္ဆာတွေအဖြေညှိုဖို့ တချို့ ကလည်း
စိုင်းပြင်းနေကြလျှက်ရှိပါတယ်။ တခါတလေ [...]
ယုန် Vs လိပ် ဗားရှင်းလေး
ယုန်နဲ့ လိပ်ပုံပြင်က ကျွန်မတို့ ငယ်ငယ်တုန်းက သင်ခဲ့ရလို့  အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။ ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမို့ ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို  (Vertion 4) ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရ၀မ်းသာ တွေ့ လိုက်ရပါတယ်။
ဒါကြောင့် ကျွန်မ ဒီယုန်နဲ့ လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။
ဒီယုန်နဲ့ လိပ်ပုံပြင်တွေဟာ နောက်ပိုင်းဖတ်ခဲ့ရတဲ့ပုံပြင်တွေမှာ ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို့ ကျွန်မ အရမ်းသဘောကျမိလို့ ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဟောပြောပွဲတစ်ခုမှာလည်း ဆရာမတစ်ယောက်လည်း ဒီလိုပုံပြင်လေးကို ဟောဖူးလို့ ကျွန်မပိုပြီး အမှတ်ရသွားဖူးတာပါ။
ယုန် Vs လိပ် ဗားရှင်း (တစ်)
ဒီပုံပြင်လေးက ကျွန်မတို့ အားလုံး သိပြီးသား ပုံပြင်လေးပါ။
တစ်ခါတုန်းက ယုန်နဲ့ လိပ်တို့ ဟာ ဘယ်သူပိုအပြေးမြန်မလဲဆိုတာကို အငြင်းပွားကြပါတယ်။
ဒါကြောင့်သူတို [...]
ငါသိသော မော်ဒန် ဗာ့ဆပ်(စ်)
နေဟာ လမဟုတ်ဘူးလဟာ ကြယ်မဟုတ်ဘူးနေလိုလလို မလင်းချင်နေ မှိတ်တုတ်မှိတ်တုတ်ကြယ်လောက် လင်းသလို ငါဟာ လင်းလက်ခွင့်ရှိတယ်။အိမ်ဟာ လမ်းမဟုတ်ဘူးလမ်းဟာ လွတ်လပ်ခြင်းမဟုတ်ဒါပေမယ့် ငါတို့ တွေ အဓိပ္ပာယ်ရှိရှိ လမ်းလျှောက်ခွင့်ရှိတယ်။နူးညံ့ခြင်းရဲ့ တစ်ဖက်မှာ ရက်စက်ခြင်းတွေရှိတယ်ကျဆုံးခြင်းရဲ့ အောက်မှာ အောင်မြင်မှုတွေရှိတယ်ဒီဟာတွေ ရောမွှေဖို့ အင်အားရှိဖို့ ခံနိုင်ရည်ဆေးကို ကိုယ်တိုင် အရည်ကျိုသောက်ရမယ်။နင်ဟာ ငါမဟုတ်ဘူးငါခရီးရောက်ဖို့ နင်လိုက်ပို့ တာမဟုတ်။နင်လမ်းမြင်ဖို့ ငါလမ်းပြတာမဟုတ်တကယ်တမ်းတော့ ဒီလိုနဲ့ သွားနေကြ လမ်းတွေပေါ်မှာ အမှတ်မထင် ဆုံတွေ့ နေကြ ခရီးသည်တွေသာ။အိပ်မက့်ဟာ နေ့ အစစ်မဟုတ်ဘူး။အိပ်မက်တွေက နိုးလာရင်တော့ နေ့ သစ်တွေ လတ်လတ်ဆက်ဆက် ရမယ်။ဒါဟာ မျှော်လင့်ခြင်းပဲ။မျှော်လင့်ခြင်းတွေထဲမှာ ငါအမြဲမနေပါဘူးလိုအပ်ရင် သီအိုရီကို အရည်ကျိုသောက်ပြီးမှ ငါအပြင်ထွက်ချင်တယ်။ငါကိုယ်တိုင် လှောင်ပိတ်မွှန်းကြပ်တာကို မလိုလားလို့ ပဲ။မြလေးသျှင်
ပြောင်းလဲရမယ့် စကားလုံးများ ( Do Vs Don’t)
ကျွန်မကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာ ကြားနေရတဲ့စကားလုံးတွေဆီကနေ ကျွန်မသင်ယူဖို့ အမြဲကြိုးစားနေလျှက်…..။ အရာရာတိုင်းမှာ ဆန့် ကျင်ဘက်ဆိုတာတွေ ရှိနေတက်ပြီး တခါတလေ သတိမပြု မိလို့  မဝေဖန် မပိုင်းခြားနိုင်တာတွေ အများကြီးဖြစ်လေ့ရှိပါတယ်။ အဆိုးနဲ့ အကောင်း၊ အောင်မြင်သူနဲ့ ရှုံးနိမ့်သူ ၊အကောင်းမြင်သူနဲ့ အဆိုးမြင်သူ ၊အဖြူနဲ့ အနက် စသဖြင့် ဆန့် ကျင်ဘက်တွေကို အထင်းသား ခွဲခြားပြီး ဟိုဘက်နဲ့ ဒီဘက် ပိုင်းခြားပြီးတော့ တွဲမြင်ဖို့ ကျွန်မကြိုးစားကြည့်ခဲ့မိပါတယ်။ ဒါကြောင့်
Versus (Vs) ဆိုပြီး စကားလုံးအနက်အဓိပ္ပာယ်နှစ်ခုကို ယှဉ်ပြီး ရေးတာမျိုး သိပ်သဘောကျခဲ့မိပါတယ်။ ဒါကြောင့် ကျွန်မ ဘလော့လေးမှာ (Vs) ဆိုပြီး ခေါင်းစဉ်မှာ အဲလိုပုံစံဖြစ်ပြီး ရေးခဲ့မိပါတယ်။
တခါတလေမှာလည်း တကယ့် ဆန့် ကျင်ဘက် အဖြူ နဲ့ အနက် [...]
Lateral thinking Puzzles
ကျွန်မ သဘောကျနှစ်သက်တဲ့ Lateral Thinking Puzzle လေးတွေက တခါတလေ ဖြေကြည့်ရင် ဦးနှောက်စားပါတယ်။ ကျွန်မကိုယ်တိုင် မဖြေနိုင်တဲ့မေးခွန်းတွေ အတော်များပါတယ်။ မဖြေနိုင်တဲ့အခါ အဖြေကိုလှန်ကြည့်ပြီး    ” အော်…ဒါကို ပြောတာကိုး..” ဆိုပြီး စိတ်ဝင်တစားနဲ့ ဆက်ကြည့်ပြီး ဒီPuzzle လေးတွေ သဘောကျမိခဲ့ပါတယ်။
1.
Give Get
Give Get
Give Get
Give Get
1. Answer:-Forgive and Forget
2.
ABCDEFGHIJKL
MNOPQR
STVWXYZ
2. Answers:-Missing you
3.
LU CKY
3. Answers:- Lucky Break
4.
Blo Couse
4. Answer:-  see through blouse
U
5.
UP 8
5. Answer:-  up before eight
6.
KNEE
LIGHT
6. Answer:-  neon light
7.
JUST
Y
O
U
ME
7. [...]
လရောင်ကို ဖမ်းစားခြင်း
ပုံလေးကို လရောင်ကို ဖမ်းစားခြင်း လို့ နာမည်ပေးထားပါတယ်။
ပုံကို ဘာမှပြင်ဆင်ထားခြင်းမရှိပဲ သူ့ သဘာဝအတိုင်း တင်ထားပါတယ်။
လရောင်ကို ဖမ်းစားဖို့ ကျွန်မမှာ ခွန်အားမရှိပါ။ ဓာတ်ပုံပညာ အလင်းအမှောင် တွေလည်း နားမလည်ပါ။ သို့ ပေမယ့် ကျွန်မ စိတ်ကူးနဲ့ ရိုက်ကြည့်ချင်တဲ့ ဆန္ဒနဲ့ လရောင်တစ်စုံကို ဖမ်းယူမိပါတော့တယ်။
ပုံ (၁) ဒီပုံလေးကတော့ လရောင်ကို ခံစားကြည့်မိပြီး ရိုက်ထားတာပါ။
ပုံ (၂) ဒီ ဒုတိယပုံလေးကိုတော့ လ နှစ်လုံးထွက်နေလား ထင်အောင် ရိုက်ကြည့်တာပါ။ ဒါပေမယ့် ကျွန်မရိုက်တာ ညံ့သွားလို့ သူ့ နဂိုပုံလေး ထွက်ခါနီးပုံလေးပါ။
ပုံ (၃)  ဒီပုံမှာတော့ လ မဟုတ်တာ ထင်ရှားသွားပါပြီ… ရူ့ ထောင့်အမျိုးမျိုးကနေ ရိုက်ကြည့်လိုက်တာပါ။
ဒီပုံလေးတွေကို 3.1.2010 ရက်နေ့ က ဗိုလ်တစ်ထောင်ဆိပ်ကမ်းဘက်မှာ သူငယ်ချင်းတွေနဲ [...]
နှစ်သစ် ဆီသို့ 
သုံးဆယ့်တစ် ဒီဇင်ဘာသို့ ရောက်လေပြီ။ နှစ်ဟောင်းကုန်လို့ နှစ်သစ်ဆီကူးပြောင်းတဲ့အခါ
နှစ်သစ်အတွက် ဆုတောင်းတာတွေ လုပ်ကြသည်။ တချို့ တွေက Calendar လေးတွေလုပ်ကြသည်။ တချို့ က
Happy New Year Card လေးတွေ လုပ်ကြ ၊ ပို့ ကြနဲ့ ပျော်ဖို့ ကောင်းပါတယ်။  နှစ်သစ်ကိုကြိုဆိုဖို့ ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မသည် ဆယ့်နှစ်နာရီကျော်ခါနီး သူငယ်ချင်းတွေဆီ အလုအယက် ဖုန်းဆက်ရင်း အရူးထခဲ့ဖူးလေသည်။ ပြန်တွေးကြည့်ရင် ရယ်ဖို့ ကောင်းပေမယ့် အခုလည်း ကျွန်မတစ်ယောက် ကဗျာတစ်ပုဒ်နဲ့ အရူးထဖြစ်အုံးလေမည်။ သို့ ပေမယ့် ကဗျာဆိုသည်ထက် အင်္ဂလိပ်သဒ္ဒါကို အခြေခံတဲ့ ဟိုက်ကူ ကဗျာတစ်ပုဒ်နဲ့ နှစ်သစ်ကို အရဲ စွန့် ဆုတောင်းကြည့်လိုက်ပါသည်။
New Year 2010
Welcoming hopefully
Prosperous
Towards a meaningful life
Peaceful!
Mya [...]
ကိုယ့်အခန်းထဲက လျို့ ဝှက်မှု
တစ်။      ။ အမိုး [...]
အောင်မြင်မှုလှေကား
အောင်မြင်မှုလှေကားသို့ တက်ရန်
———– 100% – I did.
———- 90% – I will.
——— 80% – I can.
——– 70% – I think I can.
——- 60% – I might.
—— 50% – I think I might.
—– 40% – What is it?
—- 30% – I wish I could.
— 20% – I don’t know how.
– 10% – I can’t.
- 0% -I won’t
From :Internet
လှပသော Grammar ဟိုက်ကူ ကဗျာများ
Grammar အခြေခံသည့် ဟိုက်ကူကဗျာများကို Top English မဂ္ဂဇင်းတွင် ဆရာLawrence က မိတ်ဆက်တင်ပြမှုကြောင့် ဦးစွာ ကျွန်မ ဟိုက်ကူကဗျာများကို စိတ်ဝင်စားမိခဲ့ပါသည်။ Top magazine တွင် ဟိုက်ကူကဗျာများကို ပြိုင်ပွဲပြုလုပ်ခဲ့ပြီး ဆုရရှိတဲ့ ဟိုက်ကူကဗျာများကို ထပ်မံဖတ်ရူ့ ခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယ ရရှိတဲ့ ဆုရ ဟိုက်ကူကဗျာ သုံးပုဒ်မှာ သဘာဝတရားကိုဖော်ကျူးထားတဲ့ အလှတရားများအပြင် သာမန် ရေးဖွဲ့ ထားခြင်းမဟုတ်ဘဲ အတွေးအခေါ်ပိုင်းဆိုင်ရာ ကိုပါ ဖော်ကျူးထားသည်ကို နက်နက်နဲနဲ ခံစားမိပါသည်။
ဆုရဟိုက်ကူကဗျာများ (Haiku- First Rhythm)
ပထမဆုရ ဟိုက်ကူကဗျာ -” မြင့်နိုင်”
Sea gulls
Skipping skilfully
Beautiful
Among the waves
Peaceful
ရေးစပ်သူ၏ ရှင်းလင်းချက် ။       ။ [...]
ဟိုက်ကူရေးနည်း အင်္ဂလိပ် Ebook စာအုပ်
ဟိုက်ကူရေးနည်း စိတ်ဝင်စားသူများအတွက် အင်္ဂလိပ်စာအုပ် ebook ကိုတွေ့ လို့  ဝေမျှလိုက်ပါတယ်။ ဂျပန်အသံထွက်များနှင့် နာမည်တွေကိုပါ အင်္ဂလိပ်လို ဖော်ပြထားတဲ့အတွက် ဂျပန်စာတက်သူများအတွက်လည်း အဆင်ပြေစေပါတယ်။ ကျွန်မ ဂျပန်စာမတက်တဲ့အတွက် အဲသည့်အပိုင်းကို သိပ်နားမလည်ပါ။ စာမျက်နှာ -၃၄၅ ရွက် ရှိတဲ့ ဒီဟိုက်ကူလက်စွဲစာအုပ်လေးကို ကျွန်မကိုယ်တိုင် ဖတ်လို့  မပြီးသေးပဲ ဖြေးဖြေးချင်း ဖတ်ကြည့်နေပါတယ်။
Ebook pdf ဖိုင်လေးကို အောက်လဒ့်လေးတွေမှာ ကူးယူထားပါတယ်။ တဆင့်ဝေမျှလိုက်ပါတယ်။
မြလေးသျှင်
Download Links:
http://www.filefactory.com/file/a03c5ed/n/william_j_higginson_-_the_haiku_handbook_writing_0070287864_pdf_.rar
http://ifile.it/4ceohi0/william_j_higginson_-_the_haiku_handbook__writing__0070287864___pdf_.rar
ဟိုင်း…….အိပ်မက်ရာသီ
ဆောင်းရာသီပေါင်းများစွာကို ဖြတ်သန်းဖူးခဲ့လေပြီ။ မက်ခဲ့ဖူးတဲ့ အိပ်မက်တွေလည်း အကြိမ်ကြိမ်။ ဆောင်းတွင်းအိပ်မက် ဂယောက်ဂယက် လို့ ဆိုခဲ့ဖူးသည့်တိုင် တခါတလေ အိပ်မက်တွေက မက်ဆဲ……..
ကျွန်မဆောင်းတွင်းမှာ တကယ်မက်လေ့ရှိတဲ့ အိပ်မက်တွေနဲ့ ရာသီကို ဟိုက်ကူကဗျာ 5-7-5 ပုံစံနဲ့ ကာရန်ညီအောင် ပထမဆုံး စမ်းကြည့်မိပါသည်။ ကျွန်မရဲ့ အိပ်မက်ရာသီ ဖြစ်သွားသည်မို့  တိုက်ဆိုင်မှုများရှိရင် ခံစားမိခဲ့ရင် ကဗျာရဲ့ စေညွှန်းရာမို့ ခွင့်လွှတ်ပေးစေချင်ပါသည်။
အိပ်မက်ရာသီ
ဆောင်း တစ်ရက်ချိန်ခါ
အိပ်မက်စေလိုရာ လိုက်ပါ
သူညွှန်းစေလိုက်လာ။
…………………………………..
အိပ်မက်က ချစ်သူ
တိတ်တိတ် ဆောင်းလေတွေ ဝေ့ယူ
ငါ အပြစ်မယူ။
…………………………………..
မေ့ပစ်ဖို့ ကြိုးစား
အိပ်မက်လွန်ဆွဲ အတွေးများ
နိုးထတော့မယ့် အား။
……………………………………………………..
နေ့ သစ်တွေလှတယ်
အနာဂါတ် ပုံဖော်ကြည့်တယ်
…………………………………………..
မြလေးသျှင်
Prev 1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 Next
ရေးပေးပါ #”TAG”
လေတံခွန် Tag ထားတာ ကြာလာပါပြီ။ ဒီကြားထဲမှာ ရေးဖို့ အကြိမ်ကြိမ်ကြိုးစားနေဆဲမှာ ပြီးခဲ့တဲ့ရက်တွေက ကွန်နက်ရှင်ကြောင့်ရယ်၊ ကျွန်မ မအားလို့ မရေးရသေးတဲ့ “ရေးပေးပါ” လေးပါ။ ဒီနေ့ တင် ရေးနေတုန်း ကွန်ပြူတာ error ဖြစ်ပြီး စက်ပိတ်သွားလို့ နှစ်ခါပြန်ရိုက်ရပြီး မရရအောင် ထပ်ရေးလိုက်ပါတယ်။
နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ် လေတံခွန်ရေ…
၁။ကိုယ့်ကို ဒီလိုခေါ်ကြတယ် – မြလေးသျှင် (Multiply ကတော့ သျှင် လို့ ခေါ်ကြပါတယ်။)
၂။အ၀တ်အစားပေါ် ကိုယ့်သတ်မှတ်ချက်က – စမတ်ကျကျဝတ်ချင်ပါတယ်။ ပေါ့ပေါ့ပါးပါးအ၀တ်အစားတွေကို အကြိုက်ဆုံးပါ။
၃။ အကြိုက်ဆုံး စားစရာနဲ့ သောက်စရာ – ကြေးအိုး၊နဲ့ စတော်ဘယ်ရီဖျော်ရည် (ရေးရင်း ဗိုက်ဆာတယ်ဟာ)
၎။အကြိုက်ဆုံး ပစ္စည်း ( ကွန်ပျူတာနဲ့ အင်တာနက် မပါရ)- စာအုပ်တွေပါ။
၅။လိုချင်တဲ့ လက်ဆောင် – မျှော်လင့်ထားတဲ့သူဆီက နှင်းဆီတပွင့်တည်းပါ။
၆။အကြိုက်ဆုံး ဇာတ်ကား- အဖေနဲ့ သားများ ( ညွှန့် ဝင်း၊နေဆန်း၊ကျော်သက် တို့ ရဲ့ ဟာသတွေကြိုက်လို့ )
၇။အကြိုက်ဆုံး ဟာသဇာတ်ကောင်- Mr.Bean ( အူကြောင်ကြောင်နိုင်တာ တစ်ခါတလေ ကျွန်မနဲ့ တူလို့ )
၈။ အကြိုက်ဆုံးစာရေးဆရာ – ဒေါက်တာနေဇင်လတ်၊ မောင်စူးစမ်း၊ ဦးဇောတိက၊ ကျော်ဝင်း၊ ကိုတာ …အများကြီးပါပဲ
၁၀။အချစ်ဆုံးသူရှိရင် – ကိုယ့်ကိုကိုယ်သိပ်ဂျစ်တယ်။
၁၁။ ရင်အခုန်ဆုံးအချိန်- ဆယ်တန်းအောင်စာရင်းထွက်တဲ့အချိန်
၁၂။ဘ၀ဆိုတာ- 3′ Ls = Life Long Learning
၁၃။ စိတ်တိုရင် ဘာလုပ် – Window shopping ထွက်တယ် ( ဆိုင်တွေကို ၀င်မွှေပြီး မ၀ယ်ပဲနဲ့ လျှောက်ဈေးပတ်ပြီး စိတ်တို စိတ်ညစ်တာတွေကို ဆိုင်တွေဆီ ထားခဲ့တယ် ဟဲဟဲ)
၁၄။ အကြိုက်ဆုံးသီချင်း- Proud of you
၁၅။ဝါသနာ- စာဖတ်ခြင်း၊ ပုံဆွဲ၊ ဓာတ်ပုံကို အာရုံရရင် လျှောက်ရိုက်တက်ခြင်း
၁၆။ မီးခွက်စောင့်ဘီလူးနဲ့ တွေ့ရင် တောင်းမယ့်ဆု – အက်ပီတန်ကြော်ငြာထဲက ကောင်မလေးပြောသလို ထပ်ဖြည့်ပြောမယ်နော်…ကိုယ်နဲ့ စိတ်ချင်းနီးစပ်တဲ့ နားလည်မှုရှိတဲ့ Handsome တစ်ယောက်နဲ့ လက်တွဲပြီး ခရီးတွေထွက် လျှောက်လည်ချင်တယ်။
၁၇။ လက်ဆွဲဆောင်ပုဒ်- ” ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ”
၁၈။ အိပ်ရေးပျက်ရတဲ့ အကြောင်းအရင်းက – ကော်ဖီသောက်ပြီး မျက်စိကြောင်သွားလို့ ပါရှင့်
၁၉။ချစ်သူကို ဆိုပြချင်တဲ့ သီချင်း – “မင်းတစ်ယောက်သာ”
၂၀။ ပြောပြချင်တဲ့ ဟာသတိုလေး – “ဟေး” လို့ တောင် မအော်နိုင်တဲ့ဘဝ
ပြီးပါပြီ လေတံခွန်ရေ Tag တဲ့အတွက် ကျေးဇူးပဲနော်…။
VN:F [1.7.9_1023]
Rating: 6.0/10 (1 vote cast)
VN:F [1.7.9_1023]
Rating: 0 (from 0 votes)
ကဗျာလိုက်ပွဲ
ဟင်းတွေ သိပ်ပြီးချိုတောင်မှ
အသုတ်ကျတော့ ချဉ် ငန် စပ်။
အကင်းပါးတဲ့သရက်သီးစိမ်း
ဝါးကြည့်လိုက်တော့ ဖန်တန်တန်
” ကြက်ဟင်းခါး…ဒါလည်း ထည့်စား ” လို့ အမေက ပြောတယ်။
စားပြီးရင် အီတဲ့ ၀က်နံရိုးကြော်..ဟဲဟဲ ငါသိပ်ကြိုက်တယ်
ညစ်ပတ်နေတဲ့ လက်သုတ်ပ၀ါကို လှမ်းသုတ်ရင်း
နောက်ဆုံးတော့ ငါထပ်မှာလိုက်တယ်
ဘယ်တော့မှ မရိုးနိုင်တဲ့
“အဖြူရောင် ထမင်းတစ်ပွဲ”
ဘယ်ရယ်မဟုတ်ပါဘူး..ကြောင်တောင်တောင်နဲ့ ကဗျာတစ်ပုဒ်ရေးလိုက်ပြန်ပြီ။ အားမနာတမ်း ကဗျာဝိုင်းထဲဝင်စားကြည့်ပြီး လျှောက်ရေးထားတဲ့ တောင်ရောက်မြောက်ရောက် ကဗျာအား ဝေဖန်ပေးကြပါကုန်။
ဒီကဗျာလေး ရေးလိုက်တာ အတွေးတစ်ခုကပါ ။
” ညစ်ချင်တာညစ်
ကိုယ်ကျင့်တရားကောင်းရင်လက်ခံပါတယ် ”
ဆိုတဲ့ ဦးကြီးတိုး စကားတစ်ခွန်းကပါ။
မှတ်ချက်။      ။ ကဗျာအား ကျွန်မကိုယ်တိုင် ၀ါးပြီးတော့ မကျွေးတော့ပါ။ ကိုယ်တိုင်ဝါးကြည့်မှ အရသာပေါင်းစုံထွက်လာပါမည်။ အစားအစာအပြင် တခြားအနက်အဓိပ္ပာယ်များဖြင့် တည်ခင်းသုံးဆောင်နိုင်ပါသည်။ အိပ်သျှင်က လွှတ်သဘောကောင်း၍ ကျွေးသော်လည်း အစာမကျေ ရင်ပြည့် ရင်ကယ် ဗိုက်အောင့်လေအောင့်တွေ ဖြစ်ပေါ်လာပါက ချင့်ချိန်စားသုံးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
ပုံ
စေတနာရှိသော
မြလေးသျှင်
VN:F [1.7.9_1023]
Rating: 0.0/10 (0 votes cast)
VN:F [1.7.9_1023]
Rating: 0 (from 0 votes)
ရာသီစာချီ
ဟိုက္ကူတွေ မရေးတာ အတော်ကြာပေမယ့် ကျွန်မအိမ်က စာအုပ်တွေမှာတော့ သတိရတိုင်း လျှောက်ရေးကြည့်နေမိပါတယ်။   ဒီကဗျာလေးကို ဒီရက်ပိုင်းအတွင်းရေးခဲ့ပေမယ့် မကောင်းတဲ့ ကွန်နက်ရှင်ကြောင့် ပျက်ကျသွားလို့ အသစ်ထပ်ပြီး နှစ်ခါရေးလိုက်တဲ့ကဗျာလေးပါ။
အလွမ်းရာသီ
  • နှင်းပွင့်လေးဝေလှ
  • ကိုယ့်နှလုံးသားနုနုရွ
  • ခံစားရက်ရှည်မှ။    ။
ဒီရက်ပိုင်းရန်ကုန်မှာ မနက်ပိုင်းနဲ့ ညဘက်ရောက်ရင် ဆောင်းလေအငွေ့ အသက် အကျန်နဲ့  နည်းနည်းအေးလာပါတယ်။ ဒီကဗျာကို အရင်က ရေးဖူးတာပါ ။ဆောင်းတွင်းထဲဝင်သွားပါတယ်။ မကြာခင် အလွမ်းရာသီကို လက်ပြနှုတ်ဆက်လို့ သွားရတော့မယ်လေ…။
ဂိမာန်လေချီ
  • နေ့ တာရှည်သောနွေ
  • ကျေးငှက်လေးတွေတေးဆိုနေ
  • မှုန်ပန်းချီလောလေ။    ။
ဒီကဗျာထဲမှာ အရင်တုန်းက ရေးခဲ့တာ “ပုစဉ်းရင်ကွဲအော်မြည်နေ” ဆိုပြီး ရေးထားတာပါ။ ဒါပေမယ့် ပူလောင်တဲ့နွေရာသီထဲ ပုစဉ်းရင်ကွဲအော်တာကို စာသားပြန်ဖတ်ရင်းနဲ့ ကကျွန်မကိုယ်တိုင် မကြိုက်တော့လို့  ပျော်ရွှင်ကြည်နူးတဲ့အသွင်ဖြစ်တဲ့ “ကျေးငှက်ကလေးတွေ” တေးဆိုနေ လို့ ပြင်ခဲ့မိပါတယ်။ နွေကို ဘာလိုလိုနဲ့ ရောက်ပြန်ပါပြီ။ နွေကိုနှုတ်ခွန်းဆက်လိုက်တဲ့ကဗျာလေးပေါ့နော်…။
နေညိုချမ်း
  • တိမ်လွှာတွေပျောက်ကာ
  • ဖန်ဝါနေ၀င်တဲ့ချိန်ခါ
  • သာယာတဲ့ဆည်းဆာ။  ။
ကျွန်မတော့ ဒီကဗျာထဲမှာ အမျိုးမျိုးခံစားပြီးရေးထားပါတယ်။ သဘာဝတရားကြီးကလှတယ်။ တိမ်လွှာတွေ နေလုံးကြီးတွေနဲ့ …တစ်နေ့ တာဖြတ်သန်းပြီးတဲ့နောက်မှာတောင် လှလို့ သာယာလို့ ကောင်းတုန်း။ ကျွန်မတို့ ဘ၀တွေလည်း ဒီလိုနေ၀င်ချိန်မှာတောင် အလင်းတွေကုန်ဆုံးသွားခဲ့ရင်တောင် နောက်ဆုံး ကမ္ဘာမြေပေါ် သာယာတဲ့ အလှတွေပေးပြီး ကျန်ခဲ့စေချင်တဲ့ ဆန္ဒအထိတောင် ရေးရင်းရေးရင်းနဲ့ ကဗျာ ထဲကနေဖောက်ထွက်ပြီး အတွေးနယ်ထဲ စီးမျောပြီး ခံစားရသမျှ ရေးမိလိုက်ပါတော့သည်။
ယောနိသောမနာသီကာရ
လေးစားလျှက်
မြလေးသျှင်
VN:F [1.7.9_1023]
Rating: 0.0/10 (0 votes cast)
VN:F [1.7.9_1023]
Rating: 0 (from 0 votes)
ဝေဒနာ နံရိုး
ဝေဒနာ နံရိုး
အရင်တုန်းက စားခဲ့တဲ့ ၀က်နံရိုး
အရသာ ငါမသိတော့ဘူး။
နံရိုးကြော်နဲ့ စွပ်ပြုတ်လုပ်သောက်ဖို့ ပြောနေကြတဲ့လူတွေကြား
နံရိုးတွေ သိပ်များနေပြီလား။
စားမယ်သောက်မယ်တကဲကဲ
သားရေတော့ကျပါတယ်
ဒါပေမယ့် ငါ့နံရိုးက မင်းဆီရောက်နေတယ်….
သူများတွေလို တယုတယနဲ့ ချွဲ
ရင်ထဲမှာ အလွမ်းငွေ့ တွေနဲ့ အာပူလျှာပူလုပ်သောက်ဖို့ 
ဘယ်တော့မှ စိတ်မကူးခဲ့တဲ့ငါ
မင်းရဲ့ ပုံရိပ်တွေကြားထဲမှာ လွင့်မျောနေတက်နေပြီကွာ…
ကဲ…ဘယ်လိုလုပ်မလဲ
ငါအခွင့်မရှိပဲ မတောင်းချင်ပါဘူး
မင်းယူသွားတာ ငါ့နံရိုးမှန်ရင်တော့ ပြန်ပေးပါလားကွာ…
ငါ့ရင်ဘက်ထဲကဝေဒနာတွေ ပြန်ဆက်မလို့ ။
မြလေးသျှင်
[ မရေးတက် ရေးတက် စိတ်ထဲရှိတာလျှောက်ရေးတဲ့ ကျွန်မရဲ့ "မင်းအတွက်
ငါ" ကဗျာကို နံရိုးကြော်တွေ စွတ်ပြုတ်လုပ်သောက်မယ်ဆိုပြီး ပြောပါများလွန်းလို့ နောက်ထပ် ကဗျာတစ်ပုဒ်ထပ်ရေးလိုက်တာ..ကြာရင် ၀က်နံရိုးကဗျာဖြစ်တော့မှာပဲ။..သီးခံပြီး ဖတ်ပေးတဲ့အတွက် ကျေးဇူးပါပဲနော်...]
VN:F [1.7.9_1023]
Rating: 7.0/10 (1 vote cast)
VN:F [1.7.9_1023]
Rating: +1 (from 1 vote)
ရင်ဘက်ထဲက ကဗျာ
မင်းအတွက်ငါ
မင်းနာမည်
ငါ့အတွေးဆီရင်ထဲမှာ တဆစ်ဆစ်ကိုက်ခဲနေသလားလို့ ငါ့နံရိုးတွေရော ဘယ်နှစ်ချောင်းပျောက်လိုက်ရှာကြည့်တဲ့အခါမှာ………မင်းသိမ်းယူသွားသကိုး။       ။မြလေး
(ချစ်သူများနေ့ အတွက် )
သီချင်း
ကိုယ့်ကြောင့်ပျော်ပါစေ သီချင်း
ချစ်သူများနေ့ အတွက် သံစဉ်ချိုချိုနဲ့ သီချင်းလေးတစ်ပုဒ်ပါ။ ကျွန်မသိပ်ကြိုက်တဲ့ “ကမ္ဘာကျော်တဲ့စိတ်ကူး“သီချင်းကောင်းကောင်းလေးကို ဆိုခဲ့တဲ့ Dorame အဖွဲ့ ရဲ့ စတားအယ်လဘမ်အသစ်ထဲက သံစဉ်အရမ်းလှတဲ့ အကြိုက်ဆုံးသီချင်းတစ်ပုဒ်ပါ။
ဒီသီချင်းကိုနားထောင်ပြီးတဲ့နောက်မှာ သီချင်းစာအုပ်ကို သွားဝယ်ပေမယ့် မရှိသေးလို့ ကိုယ့်ဘာသာကိုယ်ပဲ မှတ်မိသလောက် ရေးတင်လိုက်ပါတယ်။ ဒါကြောင့် သီချင်းစာသားကိုအရမ်းကြိုက်လို့ သီချင်းကိုအကြိမ်ကြိမ်နားထောင်ရင်း စာသားရသလောက် ရေးတင်လိုက်ပါတယ်။
ရင်ခုန်သံတနွေးနွေးဆုံဖို့ ကြင်နာသူချိန်းနေမင်းထံလာဖို့ လေ မှန်ရှေ့ မှာ အလှတွေပြင်နေ (ရင်ထဲမှာလှိုက်ဖိုခုန်နေ)မေ့မှာ ကိုယ်သိပ်ကြောက်တယ်…အချစ်ဆုံးအားငယ်နေမယ်…ချစ်သူပျော်ဖို့ ကိုယ်ဆုတောင်းရင်းလေ……..
* ငါရှာတဲ့နေ့ ရက်ကလေးမှာကွယ် အရာရာဟာ အေးချမ်းလှပတယ် ကောင်းကင်ပြာ တိမ်တွေအလယ် …. ငှက်ကလေးဝဲကာရယ် အလွန်ကြည်နူးစရာ ဒီအချိန်ဝယ်…
****ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ် သီချင်းလေးများငြီးရင်းလေ သံစဉ်လေးတွေလေမှာလွင့်နေသိပ်ချစ်တယ် ရင်မှာ မင်းကိုလေ…
ကိုယ့်ချစ်သူလေးနားမှာကွယ် တူတူထိုင်ကာရယ် အပူအပင်တွေ မေ့ထားတယ် …ရင်မှာဆုံးဖြတ်ထားတယ် [...]
ဟိုက္ကူ (Haiku)
မြန်မာပြည်ရောက် ဂျပန်စစ်သည်တစ်ယောက်ရဲ့ဟိုက္ကူများ
” 575 တိုင်း ဟိုက္ကူလား”ဆိုတဲ့ စိတ်ဝင်စားဖွယ်အခန်းတွေလည်းပါသလို  ဒီစာအုပ်ထဲမှာ ထူးခြားတဲ့ ခေါင်းစဉ်တစ်ခုလည်းပါတာကို သတိထားမိပါတယ်။
” မြန်မာပြည်ဖွား ဟိုက္ကုများ” ဆိုပြီး ဆရာရဲမြလွင်က ဆိုထားလို့ ပါ။ ဇာတ်လမ်းလေးက ဒီလိုရေးထားပါတယ်-
ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့ ဂျပန်စစ်သားတွေအများကြီး မြန်မာ့မြေပြင်သို့ ရောက်လာပြီး အင်္ဂလိပ်နှင့် စစ်တိုက်ကြသည်။ [...]
အတွေးအမြင်
အတွေးစာအုပ်တစ်အုပ်
ဒီစာအုပ်မှာ အတွေးအမြင်အယူအဆတွေကို ကွဲလွဲတာတွေ၊ သုံးသပ်ချက်တွေပါသလို တရုတ်ဇာတ်လမ်းတွဲ မျောက်မင်းစွန်းဝူခွန်း ၀တ္တုဇာတ်လမ်းထဲက ဇာတ်ကောင်တွေအမျိုးမျိုးဟာ ဘယ်လိုမျိုးကိုယ်စားပြုပြီး ဇာတ်လမ်းထဲမှာ ဖော်မပြထားတဲ့ အတွေးအမြင်ကို ဖွင့်ဟသုံးသပ်ထားတာတွေ့ ရလို့ စိတ်အစာကျွေးချင်တဲ့အတွေးသမားတွေ အတော်အတွေးဘ၀င်မိနိုင်တဲ့ စာသားတွေပါ။ တချို့ စာသားတွေသည် သူပြောထားသလိုချည်း မဟုတ်ပဲ ဆက်တွေးဖို့ ပါအလုပ်ဖြစ်နိုင်တဲ့ စာများဖြစ်ပါတယ်။
ဒီစာအုပ်ကို ကျွန်မဖတ်တာ တစ်လတောင်ကျော်ပါပြီ။အခုပြန်ဖတ်ကြည့်တော့ စဉ်းစားဖို့ ကောင်းတုန်းစာ ဖြစ်နေပြန်ပါတယ်။
အဲသည်ထဲက ကြိုက်နှစ်သက်တဲ့ တွေးလို့ ကောင်းတဲ့ [...]
Thinking Ideas
“PO” နှင့် ” YES or NO” အိုင်ဒီယာများ
ဒီခေါင်းစဉ်ထဲကနဲ့ ဆိုင်တဲ့ သီချင်းလေးတစ်ပုဒ်သွားသတိရမိပါတယ်။
“YES”or “NO” တစ်ခုခုဖြစ်မယ်။
NO ဆိုရင် စိတ်ညစ်ရမယ် ။ ကောင်မလေးရယ် မကျီစားနဲ့ ” မင်းမော်ကွန်းရဲ့ သီချင်းလေးစာသားအတိုင်း ပါပဲ။
” မင်းမှန်ရင် ငါမှားတယ်။
ငါမှားရင် မင်းမှန်တယ်..။
ဟိုဟာမဟုတ်ရင် ဒီဟာ။
ဒီဟာ မဟုတ်ရင် ဟိုဟာ။”
အဲ ကျွန်မပေါက်ကရ စရေးတော့မည် မဟုတ်ပါ။ ခေါင်းစဉ်က လေးလို့ တစ်လကျော်ကျော် လောက်ကတည်းက ရပ်ထားပြီးမှ မရေးသေးပဲ အခုမှပြန်လည်အစဖော်ပြီးရေးမယ် စိတ်ကူးမိပါတယ်။
သမရိုးကျကို အခြေခံတဲ့အတွေးများက ကျွန်မတို့ ပတ်ဝန်းကျင်မှာ နေရာယူပြီး ဒါတွေကိုပဲ အိုင်ဒီယာအသစ်ဆိုပြီး အငြင်းအခုံပြုလျှက် ရှိနေသည်သာ။
ဒီကြားထဲ အမှန်နဲ့ အမှားကို ဘယ်ဟာနဲ့တိုင်းမလဲ တိုင်းတာဖို့ စံပြုချက်တွေနဲ့ပေါ်လာပြန်ရင်လည်း
ပြောကြတဲ့ကမ္ဘာဦးထဲက မပြီးသေးတဲ့ အမှန်နဲ့ အမှား ပုစ္ဆာတွေအဖြေညှိုဖို့ တချို့ ကလည်း
စိုင်းပြင်းနေကြလျှက်ရှိပါတယ်။ တခါတလေ [...]
တူတာ Vs မတူတာ
ယုန် Vs လိပ် ဗားရှင်းလေး
ယုန်နဲ့ လိပ်ပုံပြင်က ကျွန်မတို့ ငယ်ငယ်တုန်းက သင်ခဲ့ရလို့  အမြဲမှတ်မိနေကြပြီး သင်ခန်းစာကောင်းပေးတဲ့ ပုံပြင်လေးပါ။ ခေတ်တွေအဆက်ဆက်ပြောင်းကုန်ပြီမို့ ခေတ်သစ်ယုန်နဲ့ လိပ်ပုံပြင်ဟာ Software ဗားရှင်းတွေလို  (Vertion 4) ပုံပြင် လေးလောက် ရောက်ခဲ့တာကို အားရ၀မ်းသာ တွေ့ လိုက်ရပါတယ်။
ဒါကြောင့် ကျွန်မ ဒီယုန်နဲ့ လိပ်ပုံပြင်ကို ဗားရှင်းတပ်ခေါ်လိုက်တာပါ။
ဒီယုန်နဲ့ လိပ်ပုံပြင်တွေဟာ နောက်ပိုင်းဖတ်ခဲ့ရတဲ့ပုံပြင်တွေမှာ ခေတ်တွေအညီပြောင်းလဲလာတဲ့ အတွေးအခေါ်ကို သင်ခန်းစာလှလှပေးတာမို့ ကျွန်မ အရမ်းသဘောကျမိလို့ ဆီလျှော်အောင် ဘာသာပြန်လိုက်ပါတယ်။ ဟောပြောပွဲတစ်ခုမှာလည်း ဆရာမတစ်ယောက်လည်း ဒီလိုပုံပြင်လေးကို ဟောဖူးလို့ ကျွန်မပိုပြီး အမှတ်ရသွားဖူးတာပါ။
ယုန် Vs လိပ် ဗားရှင်း (တစ်)
ဒီပုံပြင်လေးက ကျွန်မတို့ အားလုံး သိပြီးသား ပုံပြင်လေးပါ။
တစ်ခါတုန်းက ယုန်နဲ့ လိပ်တို့ ဟာ ဘယ်သူပိုအပြေးမြန်မလဲဆိုတာကို အငြင်းပွားကြပါတယ်။
ဒါကြောင့်သူတို [...]
« Older Entries
March 2010
M T W T F S S
« Feb    
1234567
891011121314
15161718192021
22232425262728
293031  
Archives
Google Language Translator
    Translate to:
CBOX – ပြောစရာတွေ ရေးပေးပါနော် :D
© 2010 Mya Lay သျှင် All Rights Reserved
Uses wordpress plugins developed by www.wpdevelop.com Better Tag Cloud